အိမ်၌ အလုပ်လုပ်နိုင်ပြီး ကုမ္ပဏီနဲ့ အလွယ်တကူ ချောမွေ့စွာ ဆက်သွယ်နိုင်ဖို့ ကူညီပေးသော Application
အိမ်တွင်အလုပ်လုပ်ရန်လိုအပ်သောအခြေအနေမျိုးတွင် ကုမ္ပဏီများစွာဟာ ၀န်ထမ်းများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်အတွက် ကြားခံဖြစ်သော Application ကိုရှာနေဆဲဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ အိမ်ကနေ အလုပ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ Application များနဲ့ မိတ်ဆက်ပေးပါရစေ ဒီ Application တွေဟာဆိုရင် အိမ်ကနေ အလုပ်လုပ်သော်လည်း ရုံးမှာ ရှိသကဲ့သို့ လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်သွယ်နိုင်ပါတယ်
1. Line Application
Line Application ဟာဆိုရင် ထိုင်းနိုင်ငံမှာ အလွန်လူသိများပြီး အသက်အရွယ်မရွေး လူကြီးလူငယ်ကြားထဲမှာ ရေပန်းစားသော Application တစ်ခုဖြစ်ပါတယ်။ Line Application ဟာဆိုရင် သင့်ကို ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်ဖို့ ကူညီပေးတဲ့ Application ဖြစ်ပါတယ်။ ဒီ Line Application မှာ Video Conference Feature တစ်ခုကို ထပ်ထည့်ထားပါတယ်။ ဒီ Feature ဟာဆိုရင် Meeting ထိုင်နေရင်း participants တွေက screen share လို့လည်းရပါတယ်။ ဖိုင်ဒေတာများကိုလဲအတူတူမျှဝေနိုင်သောကြောင့် အလုပ်လုပ်ရာမှာ လွယ်ကူချောမွေ့စွာ လုပ်နိုင်ပါတယ်။

2. Microsoft Office 365
မူလတန်းကျောင်းကတည်းကလေ့လာခဲ့တဲ့ အခြေခံ Software တွေဖြစ်တဲ့ Microsoft Word, Microsoft Excel, Powerpoint နဲ့အခြားဆော့ဝဲလ်များကို မသိတဲ့ လူမရှိပါဘူး။ ထို Applicationများကို စုစည်းထားသော package ကို Microsoft Office 365 ဟုခေါ်ပြီး Microsoft Cloud ကို အသုံးပြုထားသောကြောင့် မည်သည့်နေရာတွင်မဆို အဆင်ပြေလွယ်ကူစွာ အလုပ်လုပ်နိုင်ပါတယ်။ PC, Mobile, Laptop ကဲ့သို့သောပလက်ဖောင်းများစွာတွင်အလုပ်လုပ်နိုင်ပြီး Sheet တစ်ခုတည်းပေါ်တွင်လည်း အလုပ်လုပ်နိုင်ပါတယ်။အခုခေတ် Social Distancing ကာလ၌ ဝန်ထမ်းများ အတူတကွ အလုပ်လုပ်နိုင်ပါတယ်။ Microsoft Office 365 မှာ ရှိတဲ့ အမျိုးမျိုးသော application များ၏လုပ်ဆောင်မှုများကို ဆက်ပြီး မိတ်ဆက်ပါမယ်။

3. Trello
Trello App က Project Management လုပ်ရာမှာ အသုံးများတဲ့ App ဖြစ်ပါတယ် Trello App ဆိုတာကတော့ online whiteboard, notice board လိုမျိုးပါပဲ။ အပြင်အလုပ်မှာဆို whiteboard ပေါ် စာရေးပြီးဖြစ်ဖြစ် sticky notes တွေကပ်ပြီး ဖြစ်ဖြစ် တာဝန်တွေခွဲတာမျိုးတွေ လုပ်ကြတယ်မလား။ Trello မှာလည်း အဲလိုပဲ team members တွေရဲ့ တာဝန်တွေ၊ projects တွေ၊ files တွေကို card လေးတွေခွဲပြီး organize လုပ်ပေးထားတာပါ။ တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူက ဘာတာဝန်ယူထားတယ် အလုပ်ဘယ်လောက်ပြီးနေပြီ ဆိုတာမြင်သာစေပါတယ်။

4. Jarviz App
Jarviz Application တွင် Check-in & Check-out Feature သည် GPS နှင့်ဖြစ်သောကြောင့် လူကြီးမင်းတို့အနေဖြင့် ဝန်ထမ်းတစ်ယောက်ချင်းစီ ဘယ်မှာ အလုပ်လုပ်နေလဲဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ဝန်ထမ်းတွေဟာ အိမ်ကနေအလုပ်လုပ်နေရင်လည်း မိမိအိမ်မှလဲ အလွယ်တကူ check-in ဝင်ရောက်နိုင်သောကြောင့် သိနိုင်ပါတယ်။ တခြားစိတ်ဝင်စားဖွယ် Feature တွေဖြစ်သော ခွင့်တိုင်ခြင်း၊ အသေးစားသုံးငွေတောင်းခံခြင်း အစရှိတဲ့ Feature တွေကို သုံးမယ်ဆိုရင် ရုံးမှာ စက္ကူစာရွက်တွေကို ထပ်ပြီး အသုံးပြုစရာ မလိုတော့ပါ။ Operation Log ကို သုံးခြင်းဖြင့် ဝန်ထမ်းများ၏ တနေ့တာအလုပ်တွေကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။အချိန်မရွေး/နေရာမရွေး mobile/website ပေါ်မှ ကြည့်ရှုနိုင်ပါတယ်။ ဒီ Jarviz App လေးကို အခမဲ့ သုံးနိုင်ပါတယ်။


Can read details about the program time attendance, program record time or use Jarviz Application more at Website : https://www.jarvizapp.com/mm
or on Facebook : https://www.facebook.com/jarvizapp/videos/637721340417014/