Internet of Things (IoT) ရဲ့ အဓိက အစိတ်အပိုင်းတွေက ဘာတွေလဲ ?
Internet of Things (IoT) မှာ အဓိကကျတဲ့ အစိတ်အပိုင်း ၅ ခု ရှိပါတယ်။၎င်းတို့မှာ အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။
- Devices တွေ (သို့မဟုတ်) Sensors တွေ – gateway ဆီကို ပို့ပေးဖို့ ပတ်ဝန်းကျင်မှ ဒေတာတွေကို စုဆောင်းရန် အတွက် devices တွေကို sensors တွေနှင့် actuators တွေ တပ်ဆင် ထားပါတယ် ။ တစ်ချိန်တည်းမှာ actuator တွေက ( data processing ပြီးတဲနောက် ညွှန်ကြားတဲ့ အတိုင်း) လုပ်ဆောင်ချက်ကို စတင် ပါတယ်။
- Gateway – devices တွေ နှင့် sensors တွေမှ စုဆောင်း ရရှိထားတဲ့ ဒေတာကို gateway ဆီသို့ ပေးပို့ပြီး အချို့သော ဒေတာတွေကို pre-processing လုပ်ပးပါတယ် ။ gateway က network နှင့် transmission data တွေ အတွက် security level တစ်ခု အနေနှင့်လည်း လုပ်ဆောင်ပြီး ဒေတာ ပေးပို့ ပါတယ်။
- Cloud – စုဆောင်းထားတဲ့ ဒေတာကို အင်တာနက်ဆီသို့ ချိတ်ဆက် ထားတဲ့ servers အစု တစ်ခု ဖြစ်တဲ့ cloud ဆီကို upload လုပ်ပါတယ်။
- Analytics – cloud မှ လက်ခံ ရရှိပြီးနောက် ဒေတာတွေကို မှန်ကန်စွာ ခွဲခြမ်း စိတ်ဖြာဖို့ အတွက် ဒေတာမှာ အမျိုးမျိုးသော algorithms ကို အသုံးပြု ပါတယ်။
- User Interface – အသုံးပြုသူက ဒီနောက်ဆုံး အစိတ်အပိုင်းရှိ ဒေတာကို စောင့်ကြည့် ထိန်းချုပ်နိုင် ပါတယ်။
Image source: RF Page https://www.rfpage.com/what-are-the-major-components-of-internet-of-things/)
IoT Devices တွေက ဘာတွေလဲ ?
စျေးကွက်ထဲမှာ ထိပ်တန်း IoT devices တွေလိုမျိုး အများအပြား ရှိပါတယ်။အဲ့ဒါတွေကတော့
- Smart Mobiles
- Smart refrigerators
- Smartwatches
- Smart fire alarms
- Smart door locks
- Smart bicycles
- Medical sensors
- Fitness trackers
- Smart security systems တွေနှင့် အခြားသောအရာတွေပဲ ဖြစ်ပါတယ်။
Reference: GlobalSign
Thetys Co.,Ltd website နှင့် Thetys Facebook တွင် အခြားသော IT နဲ့ပတ်သတ်သော Knowledge များကိုလဲ လေ့လာဖတ်ရှုနိုင်ပါသည်။